International News

ရုရှားနိုင်ငံမှ လောင်စာဆီ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး တင်သွင်းမှု ပိတ်ပင်ရေး ဥပဒေမူကြမ်းအား အမေရိကန်လွှတ်တော်နှစ်ရပ်တွင် ယနေ့ မဲခွဲဆုံးဖြတ်

Last Updated:

အမေရိကန်နိုင်ငံတွင် ရုရှားနိုင်ငံမှ လောင်စာဆီ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးတင်သွင်းမှုအား ပိတ်ပင်ရေး ဥပဒေမူကြမ်း အား ယနေ့ ၇-၄-၂၀၂၂ ရက်နေ့တွင် ဆီးနိတ်အထက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ကြကြောင်း၊ ထို့နောက် အဆိုပါကိစ္စရပ်အား အလျင် အမြန်အကောင်အထည်ဖော်နိုင်ရန် အောက်လွှတ်တော်သို့ပေးပို့ပြီးနောက် သမ္မတဘိုင်ဒင်မှ အတည်ပြုလက်မှတ်ရေးထိုးနိုင်ရန် သမ္မတရုံးသို့ အလျင်အမြန် တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း Bloomberg သတင်းဝဘ်ဆိုဒ်တွင် ၇-၄-၂၀၂၂ ရက်နေ့က ဖော်ပြထားပါသည်။

အမေရိကန်၏ ကုန်သွယ်ရေးပိတ်ပင်မှုတွင် ရေနံနှင့် အခြားလောင်စာဆီများပါဝင်ပြီး လက်ရှိချုပ်ဆိုထားပြီးသား အဝယ်စာချုပ်များ သင်္ဘောတင်/ ချနိုင်ရေးအတွက် ရက်ပေါင်း ၄၅ ရက်အား ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဥပဒေမူကြမ်းအား အောက်လွှတ် တော်တွင်လည်း ယနေ့ ၇-၄-၂၀၂၂ ရက်နေ့တွင်ပင် အထက်လွှတ်တော်မှ ပေးပို့လာသည်နှင့် ချက်ချင်း မဲခွဲဆုံးဖြတ်သွားမည်ဟု အောက်လွှတ်တော်ဥပဒေများကော်မတီ၏ ဥက္ကဌဖြစ်သူ Mr. James P. McGovern ကပြောကြားခဲ့ကြောင်း၊ မတ်လက အောက် လွှတ်တော်၌ ထောက်ခံမဲ ၄၁၄ နှင့် ကန့်ကွက်မဲ ၁၇ ဖြင့် အတည်ပြုခဲ့သည့် ရုရှားနိုင်ငံအား ကုန်သွယ်ရေးတားမြစ်ချက် ဥပဒေမူကြမ်း ပြီးနောက် အထက်လွှတ်တော်က ချက်ချင်းရေးဆွဲသည့် ဥပဒေကြမ်းဖြစ်ပြီး ချက်ချင်းမဲခွဲဆုံးဖြတ် အတည်ပြုသွာမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ရုရှားသမ္မတပူတင်နှင့် ၎င်းအစိုးရအဖွဲ့အား စီးပွားရေးဖိအားကို နည်းမျိုးစုံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရုရှားသမ္မတပူတင် အနေနှင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရရှိခဲ့သည့် စီးပွားရေးတောင့်တင်းမှုအင်အားနှင့် အနည်းငယ်မျှမထိုက်တန်တော့ကြောင်း၊ အမေရိကန်- ရုရှား နှစ်နိုင်ငံကုန်သွယ်ရေးဆက်နွယ်မှု အဆုံးသတ်ပြီး အပယ်ခံနိုင်ငံအဖြစ် ရောက်ရှိအောင် ရုရှားသမ္မတပူတင် ကိုယ် တိုင်ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း  အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ Mr. Ron Wyden ကပြောကြားခဲ့ကြောင်း ဖော်ပြထားပါ သည်။

(မြန်မာစီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီမြို့)

Source: https://www.bloomberg.com/news/articles/2022-04-07/u-s-senate-to-vote-on-russian-crude-oil-ban-send-to-house

Category: International News